မကြာခင်ပေါက်ကွဲနိုင်တဲ့ရေအောက်မီးတောင်အချို့အန္တရာယ် စိုးရိမ်သင့်ပြီလား

ရေအောက် မီးတောင်တွေထဲက တစ်ခု ပေါက်ကွဲမှုဖြစ်တာကြောင့် ချော်ရည်တွေ ပင်လယ်ရေမျက်နှာပြင်အထိ ထိုးတက်နေတဲ့မြင်ကွင်းဖြစ်ပါတယ်။ ရေထဲကနေ မီးခိုးလုံးတွေလည်း ထိုးတက်နေပြီး ဘေးပတ်ပတ်လည်မှာတော့ ရေပြင်ပြာပြာနဲ့ ကောင်ပြာပြာကို မြင်ရ

ဓာတ်ပုံ ရင်းမြစ်, Dana Stephenson/Getty Images

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ မီးတောင်အချို့ပေါက်ကွဲမှုဆိုရင် ပင်လယ်ရေပြင်ထက်ကို ထိုးတက်လာတာကိုတောင် မြင်တွေ့ခဲ့ရ
    • ရေးသားသူ, မာရီယာ ဇာကာရို
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၇

ရေအောက်မီးတောင်တွေဟာ မျက်ကွယ်အနေအထားမှာရှိတာကြောင့် ဒီမီးတောင်တွေအရေးကို လူအများစုက သတိမထားမိကြတာမျိုးဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ မကြာခင်အနာဂတ်မှာ ဒီလိုမီးတောင်တွေ ပေါက်ကွဲနိုင်ခြေကို သိပ္ပံပညာရှင်တွေက မကြာခင်က သတိပေးလာကြလို့ ဒီမီးတောင်တွေအရေး အာရုံစိုက်လာကြပါတယ်။

ပညာရှင်တွေ သတိပေးထားတာတွေထဲက တစ်ခုကတော့ အမေရိကန်ပြည်ထောင်စု၊ အော်ရီကွန်ကမ်းရိုးတန်းရဲ့ မိုင် ၃၀၀ ဝန်းကျင်က အက်ဇ်ရီလ် ဆီးမောက် မီးတောင်အခြေအနေဖြစ်ပါတယ်။ ဒီမီးတောင်ဟာ ပေါက်ဖို့ တာစူ နေပြီဖြစ်ပြီး အခုနှစ်အတွင်း ပေါက်နိုင်ခြေရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဂရိနိုင်ငံက ဆန်တီရီနီကျွန်းမှာ မနှစ်တုန်းက လှုပ်ခတ်ခဲ့တဲ့ငလျင်တွေကလည်း ပညာရှင်တွေကို အဲဒီကျွန်းပေါ်က မီးတောင်ဝကြီးအပြင် အနီးဝန်းကျင်ရေအောက်က မီးတောင် ကိုလွမ်ဘိုတို့ရဲ့အခြေအနေတွေကို စူးစမ်းလေ့လာဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။

ဒီမီးတောင်ကြီး ၂ ခုလုံးဟာ ချက်ချင်းပေါက်ကွဲမှာမျိုးမဟုတ်ပေမဲ့ အချိန်တစ်ခုရောက်ရင် ပေါက်ကွဲမှာလို့ ယူဆခံထားရပါတယ်။

ဒါကြောင့် ရေအောက်မီးတောင်တွေ ပေါက်ကွဲမှုကို လူတွေ စိုးရိမ်သင့်ပါလား။

အဏ္ဏဝါ ရေနက်ပိုင်းမှာ ပုန်းလျှိုးကွယ်လျှိုး

မီးတောင်တွေဟာ ကမ္ဘာ့ကျောက်လွှာအက်ကြောင်းတွေကို တိုးတိုက်ပြီး ပြာပူတွေ၊ ဓာတ်ငွေ့နဲ့ အရည်ပျော် ကျောက်ချော်ရည်တွေကို ထိုးထုတ်ပါတယ်။

မီးတောင်တွေကို တောင်ကြီးကြီးမားမားလို့ပဲ မြင်ကြလေ့ရှိပါတယ်။ နမူနာပြရရင် လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်တုန်းက ပွန်ပေမြို့ကို ပျက်စီးစေခဲ့တဲ့ အီတလီက ဗစီးဗီးယက်စ် နဲ့ စစ္စလီကျွန်းပေါ်က လိမ္မော်ရောင်ချော်ရည်တွေ ထိုးထွက်လို့ လူစိတ်ဝင်စားတဲ့ အက်တနာ မီးတောင်တို့ကို ဒီလိုမြင်ကြပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ပေါ်က မီးတောင်အားလုံးရဲ့သုံးပုံ နှစ်ပုံဟာ ရေအောက်မှာရှိနေတာလို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။

သမုဒ္ဒရာရေအောက်အနက် မီတာ ထောင်ချီမှာ ပုန်းလျှိုးကွယ်လျှိုးရှိနေတတ်တဲ့ မီးတောင်တွေဟာ အမျိုးအမည်မဖော်နိုင်သေးတဲ့အဏ္ဏဝါမျိုးစိတ်အများစုအတွက် ခိုနားရာဖြစ်နေသလို ပေါက်ကွဲတဲ့အခါမှာလည်း ကျွန်းအသစ်တွေ ပေါ်ထွန်းစေပါတယ်။

Axial Seamount မီးတောင်ကနေ ထွက်လာတဲ့အခိုးအငွေ့တန်းတွေလို မီးတောင်လှုပ်ရှားမှုကို ပညာရှင်တွေ မှတ်တမ်းယူနိုင်ခဲ့။ ဓာတ်ပုံမှာ ကျောက်တုံးကြီးကနေ မီးခိုးတွေ ထွက်လာ။ ကျောက်တုံးဟာ မီးခိုးရောင်ဖြစ်နေပြီး အနီရောင်အညှိတွေကိုလည်း တွေ့ရ။ အနောက်ဘက်မှာတော့ ရေပြာပြာသမုဒ္ဒရာကို မြင်နိုင်

ဓာတ်ပုံ ရင်းမြစ်, D. Kelley, University of Washington/BOEM/NSF-OOI/WHOI, V19

ဓာတ်ပုံ ပုံစာ, Axial Seamount မီးတောင်ကနေ ထွက်လာတဲ့အခိုးအငွေ့တန်းတွေလို မီးတောင်လှုပ်ရှားမှုကို ပညာရှင်တွေ မှတ်တမ်းယူနိုင်ခဲ့

မြေပေါ်က မီးတောင်တွေလိုပဲ ရေအောက်က မီးတောင်တွေကလည်း ငလျင်နဲ့ ဆူနာမီကြောင့် ပေါက်ကွဲနိုင်သလို၊ တစ်ခါတရံမှာတော့ အဲဒီအကျိုးဆက်တွေက အတော်လေးကို ကျယ်ပြန့်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်းက တွန်ဂါက ဟွန်ဂါ-တွန်ဂါ ဟွန်ဂါဟိုင်းပိုင် မီးတောင်ပေါက်ကွဲမှုဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း ဆူနာမီရေလှိုင်းဖြစ်ပေါ်ခဲ့ပြီး သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တောင်နဲ့မြောက်အမေရိက အနောက်ဘက်ကမ်းရိုးတန်းတွေအထိ ဆူနာမီလှိုင်းတွေ ရောက်ခဲ့ပါတယ်။

လူ ၃ ဦး သေဆုံးခဲ့ပြီး အိမ်ရာချီ ပျက်စီးခဲ့သလို ပင်လယ်ရေအောက်က အင်တာနက်ဆက်သွယ်ရေးလိုင်း ပြတ်တောက်ခဲ့တာကြောင့် တွန်ဂါဟာ ကမ္ဘာကြီးနဲ့ သီတင်းပတ် ၅ ပတ်ကြာအဆက်ပြတ်ခဲ့ပါတယ်။

ရေအောက်မီးတောင်တွေကို ဘယ်နေရာတွေမှာတွေ့နိုင်ပါလဲ

ရေအောက်မီးတောင်တွေဟာ အဓိကအားဖြင့် ပြတ်‌ရွှေ့မြေလွှာချပ်ကြီးတွေ ပုံစံဖြစ်ပြီး ကမ္ဘာ့ရဲ့အပေါ်ယံဆုံးသောအလွှာပုံစံ ဖြစ်ပါတယ်။ အဲဒီအရာတွေက ကွဲထွက်တာ ဒါမှမဟုတ် အချင်းချင်း လျှောဆင်းသွားရာကနေ ကမ္ဘာ့အပေါ်ယံအခွံ နက်ရှိုင်းတဲ့နေရာကနေ ကျောက်ရည်ပူတွေကို တိုးထွက်ခွင့်ပြုတာမျိုး ဖြစ်ပါတယ်။

အဲဒီပြတ်ရွှေ့အပေါ်ယံလွှာမြေလွှာချက်ကြီးတွေက ကမ္ဘာ့ကြီးအနှံ့ကို ဖုံးအုပ်ထားတာပါ။ ဒါကြောင့် ရေအောက်မီးတောင်တွေကို ကမ္ဘာရဲ့နေရာအစိတ်အပိုင်းအနှံမှာ တွေ့မြင်နိုင်တာပါ။

တစ်ခါတစ်ရံ ပန်းပွားပုံစံ အပူတွေက အပေါ်ဘက်ကို တက်လာကာ အပေါ်ယံမြေလွှာချက်ကြီးရဲ့အလယ်ထဲကနေ မီးတောင်တွေဖြစ်ပေါ်လာပါတယ်။

ပင်လယ်ရေအောက်မှာ မီးတောင်တွေကနေ ထွက်လာတဲ့ ချော်ရည်တွေဟာ ချက်ချင်းပဲ အေးခဲပါတယ်။ သမုဒ္ဒရာကြမ်းပြင်မှာ အနက်ရောင် ချော်ရည်ကို မြင်ရတာဖြစ်ပါတယ်။ ဘောလုံးတွေ တစ်လုံးပေါ် တစ်လုံး ဆင့်ထားသယောင်ဖြစ်နေ။ အားလုံးအနက်ရောင်ဖြစ်နေပါတယ်။ အဲဒီချော်ရည်အလုံးတွေမှာ အ၀ါရောင် အစင်းကြောင်းလေးများကို မြင်တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, UW/NSF-OOI/CSSF, V15

ဓာတ်ပုံ ပုံစာ, ပင်လယ်ရေအောက်မှာ မီးတောင်တွေကနေ ထွက်လာတဲ့ချော်ရည်တွေဟာ ချက်ချင်းပဲ အေးခဲပါတယ်

မတူညီတဲ့ပေါက်ကွဲမှုများ

ဓာတ်ပုံ အောက်ခြေမှာ ကျောက်တုံးကြီးကို မြင်တွေ့ရ။ အဲဒီမှာတော့ အဖြူရောင် အမှုန်တွေ အများစုကို တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, UW/NSF-OOI/CSSF, V11

ဓာတ်ပုံ ပုံစာ, ၂၀၁၁ ခုနှစ်မှာ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် Axial Seamount ထိပ်နေ မြင်တွေ့ရတဲ့ပိုးမွှားတွေနဲ့ အမှုန်ငယ်များကို မြင်တွေ့ရတာဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗြိတိန်အမျိုးသားအဏ္ဏဝါဗေဒစင်တာ ပင်လယ်ပြင်မီးတောင်ဆိုင်ရာပညာရှင် ဒေါက်တာအီဆိုဘဲလ် ရိုယ်က ကျောက်ရည်ပူနဲ့ ရေတို့ အပြန်အလှန် ဓာတ်ပြုပြီး ကုန်းပေါ်နဲ့ ရေထဲက မီးတောင်ပေါက်ကွဲမှုတွေဟာ ကွဲပြားခြားနားစေပါတယ်။

"တကယ်လို့ ပူနေတဲ့ အိုးထဲကို ရေကို ပစ်ထည့်လိုက်မယ်ဆိုရင် စဥ်းစားကြည့်လိုက်ပါ။ ခပ်မြန်မြန်ပဲ ရေငွေ့တက်လာတယ်။ ကမ်းနီးရေတိမ်ပိုင်းမှာ မီးတောင်ပေါက်တဲ့အခါ အဲဒီလိုအလားတူဖြစ်စဥ်ဖြစ်လိမ့်မယ်" လို့ သူက ပြောပါတယ်။ ရေအနက် မီတာရာကျော်မှာရှိတဲ့ မီးတောင်တွေဟာ အဲဒီလိုအလားတူဖြစ်ပေါ်တယ်လို့လည်း ရှင်းပြပါတယ်။

အဲဒီထက်ပိုပြီးနက်တဲ့ရေထဲမှာဆိုရင်တော့ ရေရဲ့ဖိအားသက်ရောက်မှုကြောင့် ပေါက်ကွဲတဲ့တန်ပြန်မှုမျိုး မရှိပါဘူး။

အဲဒီလိုဖြစ်စဥ်မျိုးတွေမှာတော့ ကျောက်ရည်ပူတွေဟာ မီးတောင်တွေကနေ တွန်းကန် ထုတ်ခံရသည့်တိုင်အောင် ရေထဲမှာ မြန်မြန်ပဲ အေးခဲသွားတယ်လို့ ဒေါက်တာ ရိုယ်က ပြောပါတယ်။

ကျောက်ရည်ပူတွေထဲမှာပါတဲ့ဓာတ်ငွေ့ပမာဏကိုကြည့်ပြီး မီးတောင်တွေ ပြင်းထန်စွာ ပေါက်ကွဲမှုကို တိုင်းတာနိုင်ပါတယ်။ ဓာတ်ငွေ့ပမာဏ များများစားစားပါလေ ပေါက်ကွဲမှုပြင်းထန်လေလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ရေအောက်မီးတောင်တွေ မကြာခဏပေါက်ကွဲလေ့ရှိလား

ရေအောက်မီးတောင်တွေနဲ့ သူတို့ရဲ့ပေါက်ကွဲမှုတွေ ဘယ်နှကြိမ်ဖြစ်လေ့ရှိလဲဆိုတာကို တိတိကျကျပြောနိုင်ဖို့ ခက်တယ်လို့ ဒေါက်တာရိုယ်က ပြောပါတယ်။ အနည်းငယ်ကိုသာပဲ တိုင်းတာနိုင်တာကြောင့်လို့ သူက ထောက်ပြပါတယ်။

ရေအောက်မီးတောင်တွေကို စောင့်ကြည့်လေ့လာဖို့ဆိုရင် ကုန်ကျစရိတ်ကြီးမားတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ အဲဒီထဲမှာ လိုအပ်တဲ့နည်းပညာအတွက် သုံးရမယ့်ငွေကြေးကလည်း ချင့်တွက်ရတဲ့အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ရေငုပ်သင်္ဘောနဲ့ သင်္ဘောတွေ လိုအပ်သလို၊ အလှမ်းဝေးလွန်းတဲ့သဘာဝပတ်ဝန်းကျင် အခြေအနေတွေအတွင်း သိပ္ပံပညာရှင်တွေက လုပ်ကိုင်နိုင်မှု အခက်အခဲတွေ စတာတွေလည်း အပါအဝင်ဖြစ်ပါတယ်။

အချို့သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာ့အနှံ့အပြားက ရေအောက်မှာ မီးတောင်ပေါင်း ထောင်ချီပြီးရှိနိုင်တယ်လို့ ယုံကြည်ထားကြပြီး မီးတောင်အရေအတွက် တစ်သန်းလောက်အထိ ရှိနိုင်တယ်လို့ ယူဆကြသူတွေလည်းရှိပါတယ်။

သမုဒ္ဒရာကြမ်းပြင်မှာ ကျောက်ဆောင်တွေ မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UW/NSF-OOI/WHOI; V24

ဓာတ်ပုံ ပုံစာ, မီးတောင်တွေ ပေါက်ကွဲတဲ့အခါ ချော်ရည်တွေဟာ အခဲအဖြစ် ပြောင်းလဲ

‌ကုန်းပေါ်မှာထက် ရေအောက်မှာ မီးတောင်တွေ ပိုပြီးပေါက်ကွဲတယ်လို့ သိပ္ပံပညာရှင်အများစုက အခိုင်အမာယုံကြည်ထားကြပါတယ်။

ဒါကလည်း ကမ္ဘာ့မြေမျက်နှာပြင် ၇၀ ရာခိုင်နှုန်းက ရေတွေ ဖုံးလွှမ်းနေတယ်ဆိုတာမျိုးလို သင်္ချာတွက်ချက် ခန့်မှန်းသုံးသပ်မှုတွေကြောင့်ဖြစ်ပါတယ်။

"အခုလိုစနစ်တွေအတွက် တိုင်းတာနိုင်မှု အသေးစိတ်လုပ်နိုင်တာက ကမ္ဘာကြီးပေါ်က နေရာအချို့လောက်ပဲ ရှိပါတယ်" လို့ အမေရိကန်၊ ဝါရှင်တန်တက္ကသိုလ်က ပင်လယ်ပြင် ဘူမိဗေဒပညာရှင် ပါမောက္ခ ဒတ် ကဲယ်လီက ပြောပါတယ်။

ဘယ်ကျွန်းတွေက မီးတောင်ဆန်လဲ

ကမ္ဘာပေါ်က မြောက်များစွာသောကျွန်းတွေဟာ မီးတောင်လှုပ်ရှားမှု မကင်းတဲ့ပုံစံနဲ့ ဖွဲ့စည်း ဖြစ်တည်နေတာဖြစ်ပါတယ်။

ဥပမာပြောရရင် ဟာဝိုင်အီကျွန်းဟာ မီးတောင်ကျွန်းစုရဲ့တစ်ဆက်တည်းရှိတဲ့ ကျွန်းဖြစ်ပြီး လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၇၀ ခန့်က ကျွန်းအဖြစ် တဖြည်းဖြည်းစတင်ပေါ်ထွန်းလာတာလို့ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။

ကျွန်းဟာ ပင်လယ်အောက်မှာ ထွက်တဲ့ ကျောက်ရည်ပူတွေ စု၊ သမုဒ္ဒရာမျက်နှာပြင်ပေါ်ကို ထိုးထွက်လာပြီး ပင်လယ်ပြင်ပေါ်မှာ ကျွန်းအဖြစ်တည်လာတာဆိုပြီး မှတ်ယူထားတဲ့ပညာရှင်တွေလည်း ရှိပါတယ်။

ပြီးတော့လည်း အယ်ဂျီယမ်ပင်လယ်ထဲက ဆန်တီရီနီဟာ လွန်ခဲ့တဲ့ ဘီစီ ၁၆၃၀ ဝန်းကျင်ကကြီးမားတဲ့ ရှေးခေတ်မီးတောင်ပေါက်ကွဲမှု တစ်ခုကနေ ကျွန်းအဖြစ် ဖြစ်ပေါ် လာတာမျိုးလို့ အမျိုးသားသမုဒ္ဒရာနဲ့ လေထုဆိုင်ရာအုပ်ချုပ်ရေး(NOAA)ရဲ့အဆိုအရ သိရပါတယ်။

မီးတောင်လှုပ်ရှားမှုတွေကြောင့် ကျွန်းအဖြစ် ဖြစ်တည်လာတဲ့အခြားနေရာတွေကို ပြပါဆိုရင် အိုက်စ်လန်လည်း ပါဝင်ပါတယ်။

"ဒါပေမဲ့ မီးတောင်ကျွန်းတွေလို နေရာမျိုးတွေ ကမ္ဘာပေါ်မှာ နေရာတွေမှာ အများမှအများကြီးရှိတာကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ တကယ်လို့ တစ်နေရာရာကို သွားတယ်ဆိုပါစို့။ အဲဒီမှာ အမဲရောင်သဲတွေကို တွေ့တယ်ဆိုရင် အဲဒါက မီးတောင်နဲ့ ဆက်စပ်နိုင်စွမ်း ရှိပါတယ်" လို့ ဒေါက်တာရိုယ်က ပြောပါတယ်။

ဂရိကျွန်း Santorini ဟာ မီးတောင် ပေါက်ကွဲမှုကြောင့် ဖြစ်လာတာပါ။ Santorini ကျွန်းပေါ်က ကျောက်ဆောင်တွေထက်မှာ အဖြူရောင်အိမ်ငယ်တွေကို တွေ့ရပြီး ဘယ်ဘက်မှာတော့ ပင်လယ်ပြာကို မြင်တွေ့ရပါတယ်။ အနောက်ဘက်မှာတော့ ကျောက်မည်းနဲ့ အပြာရောင်ကောင်းကင်ကို မြင်ရ

ဓာတ်ပုံ ရင်းမြစ်, Jose Sarmento Matos/Bloomberg via Getty Images

ဓာတ်ပုံ ပုံစာ, ဂရိကျွန်း Santorini ဟာ မီးတောင် ပေါက်ကွဲမှုကြောင့်ဖြစ်လာတာပါ

ရေအောက်က မီးတောင်တွေဟာ ထုထည်ကြီးမားတဲ့ကုန်းမြေအစိုင်အခဲအသစ်တွေကို အပေါ်ကို ပုံမှန်အားဖြင့် ပင့်မတင်ပါတယ်။

ဥပမာအနေနဲ့ဆိုရင် ၂၀၂၃ ခုနှစ်မှာ ရေအောက်မီးတောင်ပေါက်ကွဲမှုကနေ ဂျပန်အနီးက အိုင်ဝူတိုကျွန်းအသစ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒါပေမယ့် တစ်ခါတစ်ရံမှာ အဲဒီလိုကျွန်းအသစ်တွေဟာ တိုက်စားပြီး ရေအောက်မှာပဲ ပျောက်ကွယ်သွားပါတယ်။

"ကျွန်းတွေပိုပြီး ဖြစ်လာတာကိုပဲ မြင်ကြတာများပေမဲ့ ကျွန်းတွေ ပျောက်သွားတာကိုလည်း မြင်သင့်ပါတယ်" လို့ ‌ဒေါက်တာရိုယ်က ပြောပါတယ်။

မီးတောင်တွေထက်ပိုတဲ့အရာ

အဏ္ဏဝါဂေဟစနစ်ကို ကောင်းမွန်စွာနားလည်ဖို့ဆိုရင် ရေအောက်မီးတောင်တွေကို စောင့်ကြည့်တာကလည်း အရေးကြီးတယ်လို့ ပါမောက္ခ ကဲလ်လီက ပြောပါတယ်။

"မီးတောင်တွေဟာ ပင်လယ်ကြမ်းပြင်ရဲ့အိုအေစစ်နဲ့ တူပါတယ်။ ဒါကြောင့်သူတို့မှာ ပင်လယ်နဲ့ဆက်စပ်နေတဲ့မယုံကြည်နိုင်လောက်တဲ့ ဇီဝဗေဒနဲ့ဆိုင်တဲ့အသိုက်အဝန်းတွေ ရှိနေပါတယ်။ ကျွန်မတို့ မြင်တောင်မမြင်နိုင်ကြတဲ့ကျောက်တုံးတွေ ဘာကြောင့်လဲဆိုရင် အဲဒီအပေါ်မှာ သတ္တဝါတွေများမှ အများကြီးရှိနေလို့ပါ" လို့ သူက ပြောပါတယ်။

အဲဒီလိုပတ်ဝန်းကျင်တွေနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေ ပိုသိရှိလာတဲ့အခါ ပင်လယ်ရေနက်ပိုင်းသတ္ထုတူးဖော်တာမျိုးလို လုပ်ဆောင်ချက်တွေအတွက် ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချနိုင်ဖို့ အထောက်အကူဖြစ်စေတယ်လို့ ပါမောက္ခကဲလ်လီက ပြောပါတယ်။

"အဲဒီမှာ ဘယ်လိုသက်ရှိအမျိုးအစားတွေ ရှိနေလဲဆိုတာကို တကယ့်ကို နားလည်ဖို့ လိုအပ်ပါတယ်။ သူတို့က သမုဒ္ဒရာတစ်ခုလုံးကို ဘယ်လိုအကျိုးသက်ရောက်နေလဲ၊ သူတို့ကဘယ်လောက်ထိကြာရှည်ခံကြလဲစတဲ့သတင်းအချက်အလက်တွေကို သတ္ထုတူးဖော်တာမျိုး မလုပ်ခင်မှာ လိုအပ်ပါတယ်" လို့ ပြောပါတယ်။

သမုဒ္ဒရာအောက်မှာ ကျောက်ချော်ခဲတစ်ခဲကို အနီးကပ်မြင်တွေ့ရတာဖြစ်ပါတယ်။ အဲဒီကျောက်တုံးမှာ အနီရောင်တီကောင်ပိုးတွေ ကပ်နေပြီး အညိုရောင်အဖြစ်ရှိနေတဲ့ ကျောက်သားကိုလည်း မြင်တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, UW/Carleton College/NSF-OOI/WHOI; V24

ဓာတ်ပုံ ပုံစာ, သမုဒ္ဒအောက်က ကျောက်ချော်ခဲတွေထက်မှာ သက်ရှိမျိုးစိတ်တွေ အများကြီးရှင်သန်ပါတယ်

ပင်လယ်အောက်က မီးတောင်တွေကို စိုးရိမ်သင့်လား

ကုန်းပေါ်မှာပဲဖြစ်ဖြစ်၊ ရေထဲမှာပဲဖြစ်ဖြစ် မီးတောင်တွေဟာ ခြိမ်းခြောက်မှု ပေးနိုင်ပါတယ်လို့ ဒေါက်တာ ရိုယ်က ပြောပြပါတယ်။

"ရေအောက်မှာရှိနေတဲ့မီးတောင်ဆိုပြီးတော့ ထူးခြားပြီး ပူစရာတော့ လိုမယ်လို့ မထင်ပါဘူး" လို့သူက ပြောပါတယ်။

"ဒါပေမဲ့ ကျွန်မတို့အနေနဲ့ လက်ရှိမှာ မလုပ်ဆောင်ထားတဲ့စောင့်ကြည့်မှုမျိုးထက်ပိုတဲ့ လေ့လာ စောင့်ကြည့်တာမျိုးကို လုပ်သင့်တယ်လို့ ထင်ပါတယ်''

Axial Seamount မီးတောင်အနီးမှာ ကျက်စားနေကြတဲ့ ပင်လယ်ဝက်လို့ခေါ်တဲ့အဏ္ဏဝါ သက်ရှိကို မြင်ရ

ဓာတ်ပုံ ရင်းမြစ်, NSF-OOI/UW/CSSF

ဓာတ်ပုံ ပုံစာ, Axial Seamount မီးတောင်အနီးမှာ ကျက်စားနေကြတဲ့ ပင်လယ်ဝက်လို့ခေါ်တဲ့အဏ္ဏဝါ သက်ရှိကို မြင်ရ

ဧပြီလတုန်းကတော့ အိုက်စလန်က ကုန်းမြေနဲ့ဆက်စပ်တဲ့ မီးတောင်တစ်ခု ပေါက်ခွဲခဲ့ပြီး ခရီးသွားတွေနဲ့ ဒေသခံတွေကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းကယ်ထုတ်ပေးခဲ့ရပါတယ်။

"အဲဒါက ရေအောက်က မီးတောင်တွေအတွက် ဖြစ်သင့်တယ်လို့ ထင်တယ်" လို ဒေါက်တာ ရိုယ်က ပြောပါတယ်။

ဒေါက်တာ ရိုယ်ကတော့ မီးတောင်ပေါက်ကွဲမှုဖြစ်ရုံတင်မက အဲဒီနောက်ဆက်တွဲ ချိတ်ဆက်နေတဲ့ အန္တရာယ်ဖြစ်နိုင်ခြေအရ မြေအောက်ဘူတာတွေကို စောင့်ကြည့်ဖို့ အရေးကြီးတဲ့အကြောင်း ပြောပါတယ်။ မီးတောင်တွေက ပင်လယ်ကြမ်းပြင်အထက်က ရေထုကို ဘောင်ဘင်ခတ် လှုပ်ယမ်းစေတာကြောင့် ဆူမာမီ ရေလှိုင်းတစ်ခုကို ဖြစ်ပေါ်စေနိုင်တယ်လို့ သူက ပြောပါတယ်။

အက်ဇ်ရီလ် ဆီးမောင့် အခြေအနေကရော

Axial Seamount ထိပ်ဖျားမှာ အခိုးအငွေ့ ထွက်နေတာ တစ်နေရာထက်မနည်းရှိနေပါတယ်

ဓာတ်ပုံ ရင်းမြစ်, NSF-OOI/UW/CSSF;V13

ဓာတ်ပုံ ပုံစာ, Axial Seamount ထိပ်ဖျားမှာ အခိုးအငွေ့ ထွက်နေတာ တစ်နေရာထက်မနည်းရှိနေပါတယ်

ပင်လယ်ရေအောက်ကြမ်းပြင်ကနေ ထိုးထွက်နေတဲ့ အက်ဇ်ရီလ် ဆီးမောင့်ကို စောင့်ကြည့်ခဲ့တုန်းက ပါမောက္ခ ကဲလ်လီလည်း ပါဝင်ခဲ့ဖူးပါတယ်။ အဲဒီမီးတောင်က ပစိဖိတ်သမုဒ္ဒရာအောက်မှာ ပေပေါင်း ၈,၅၀၀(၂,၆၀၀ မီတာ)အနက်မှာတည်ရှိပါတယ်။

အဲဒီမီးတောင်ကို ၃၁၁ မိုင်အရှည်ရှိတဲ့ကေဘယ်ကြိုးနဲ့ ကမ်းခြေကနေ မီးတောင်အထိကို ချိတ်ဆပြီး လှုပ်ရှားမှုအခြေအနေကို စောင့်ကြည့်နေပါတယ်။

ဒီလို စောင့်ကြည့်နေတာကြောင့်ပဲ မီးတောင်က ပူနွေးလာပြီး သူရဲ့အရင်ပေါက်ကွဲခဲ့တဲ့အမှတ်ထက် တိုးလာတာကို သိပ္ပံပညာရှင်တွေက သတိပြုခဲ့ကြပါတယ်။

Axial Seamount မှာ တွေ့ရတဲ့ အေးသွားတဲ့ချော်ရည်တွေ

ဓာတ်ပုံ ရင်းမြစ်, UW/NSF-OOI/WHOI;V17

ဓာတ်ပုံ ပုံစာ, Axial Seamount မှာ တွေ့ရတဲ့ အေးခဲသွားတဲ့ချော်ရည်တွေ

အဲဒီအဓိပ္ပာယ်ကတော့ ၂၀၂၆ ခုနှစ်အတွင်း ပေါက်ကွဲနိုင်ခြေရှိတယ်ဆိုတာကို ပြသတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သမုဒ္ဒရာရဲ့ဖိအားပုံစံကြောင့် မြေပေါ်ကနေ ခံစားရမှုတော့ ရှိမယ့်ပုံ မပေါ်ပါဘူးလို့လည်း ဒေါက်တာ ကယ်လီက ပြောပါတယ်။

အနာဂတ်မှာတော့ နည်းပညာသစ်တွေဟာ ရေအောက်က မီးတောင်တွေကို စောင့်ကြည့်မှု ပိုကောင်းအောင်လုပ်နိုင်ဖို့ ဖြစ်လာစေလိမ့်မယ်လို့ သူက မှတ်ယူပါတယ်။

"အဲဒါက ကျွန်မတို့ရဲ့ကမ္ဘာမြေကြီးအတွက် မယုံနိုင်လောက်အောင် အရေးကြီးတဲ့အရာပါ။ ရေအောက် မီးတောင်တွေရဲ့အကြောင်းတွေကို ကျွန်မတို့တွေ သေသေချာချာကို သိထားသင့်ပါတယ်"