၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အရင်စံချိန်တွေကို ချိုးဖျက်တော့မှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ရှားလော့ ကုတ်စ်
- ရာထူးတာဝန်, ဘီဘီစီအားကစားသတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၆
၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲစတင်တာ ၁၁ ရက်ကျော်ပဲရှိနေသေးပေမဲ့ အခုတစ်ခေါက် ကမ္ဘာ့ဖလားဟာ သမိုင်းတစ်လျှောက်ရှိဖူးတဲ့စံချိန်တွေကို ပြန်ပြင်ရေးနေတဲ့အခြေအနေပါ။
လီယွန်နယ် မက်ဆီ၊ အမ်ဘတ်ပေး၊ ဟယ်ရီကိန်းနဲ့ အားလင်း ဟာလန်းတို့ဟာ တစ်ယောက်ချိုးထားတဲ့စံချိန်ကို နောက်တစ်ယောက်က ချိုးနိုင်ဖို့ နိုင်ငံအသင်းအဖွင့်ပွဲတွေကို အမြင့်ဆုံးစွမ်းဆောင်ရည်နဲ့ကစားခဲ့ကြတာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားမှာ ဂိုးတွေ များများသွင်းထားကြတဲ့ကစားသမားတွေဟာ ၄၈ သင်းအဆင့်ကစားပွဲမှာ ဒုတိယမြောက်ပွဲ ထပ်ကန်ခဲ့ကြတာနဲ့ ကန်ကြဖို့ရှိနေတာကြောင့် ဒီပွဲတွေကနေ စံချိန်ထပ်ချိုးတာနဲ့ ထပ်ချိုးနိုင်ခြေတွေလည်း ရှိနေပါတယ်။
အာဂျင်တီးနားက မက်ဆီနဲ့ ပေါ်တူဂီက ခရစ္စတီယာနို ရော်နယ်ဒိုတို့ ကမ္ဘာ့ဖလားမှာ သူတို့စွမ်းဆောင်ခဲ့တဲ့သမိုင်းဟာ အခုတစ်ခေါက်မှာတော့ ပြင်သစ်က ဂိုးရှင် အမ်ဘတ်ပေးအထိပါ ကျယ်ပြန့်လာတော့မှာဖြစ်လို့ ဘီဘီစီအားကစားက လက်ရှိ ကမ္ဘာ့ဖလားစံချိန်တွေကို စေ့ငုကြည့်ခဲ့ပါတယ်။
မက်ဆီတစ်ယောက် ကမ္ဘာ့ဖလားမှာ ဂိုးအများဆုံးသွင်းတဲ့စံချိန်သစ်ကို ချိုးမှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျာမနီ တိုက်စစ်မှူး မယ်ရိုဆလော့ ကလိုဆေးဟာ ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့ဖလားမှာ ၁၆ ဂိုးအထိ သွင်းခဲ့ပြီးတဲ့နောက်ပိုင်း အဲဒီကတည်းက ဒီဂိုးအရေအတွက်အထိ အများဆုံးသွင်းနိုင်တဲ့သူ မရှိသေးပါဘူး။
ဒါပေမဲ့ မက်ဆီကတော့ အယ်လ်ဂျီးရီးယားနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲကစားတဲ့ပွဲမှာ ဟတ်ထရစ် ၃ ဂိုးအထိ သွင်းယူခဲ့ပြီးတဲ့နောက်မှာ ဒီနေ့ မနက်ပိုင်းကစားသွားတဲ့ သြစတြီးယားနဲ့ပွဲမှာလည်း ၂ ဂိုး ထပ်သွင်း ထားပါတယ်။ ဒါကြောင့် မက်ဆီဟာ ကမ္ဘာ့ဖလားပွဲတွေမှာ စုစုပေါင်း သွင်း ၁၈ ဂိုးနဲ့ စံချိန်သစ်တင်လိုက်ပါပြီ။
သူ့နောက်မှာ ၁၆ ဂိုးနဲ့ ကပ်လိုက်နေတာက ပြင်သစ်အသင်း ခေါင်းဆောင် အမ်ဘတ်ပေးဖြစ်ပါတယ်။ သူဟာ ပြင်သစ်အတွက် ၅၈ ဂိုးအထိ သွင်းပေးထားလို့ ဦးဆောင် ဂိုးသွင်းသူလည်းဖြစ်နေတာပါ။ သူကလည်း ဂိုးရဖို့ အခွင့်အလမ်းရှိတာနဲ့ သွင်းယူဖို့ဖြစ်နေတဲ့ကစားသမားပါ။
အင်္ဂလန်ကစားသမား ဟယ်ရီ ကိန်းကတော့ ဂိုးအရေအတွက်မှာ သူ့နောက် နည်းနည်းရောက်ပါတယ်။ ဒါပေမဲ့ အခုတစ်ခေါက်ကမ္ဘာ့ဖလားဟာ ကိန်းအတွက် စံချိန်ချိုးဖို့ ဝေးနေသေးလား။
အုပ်စု ဂျေမှာ မက်ဆီနဲ့ သူ့အသင်းဖော်တွေ ယှဉ်ပြိုင်ကစားရမှာက သြစတြီးယားဖြစ်ပါတယ်။
ကိန်းဟာ လီနီကာရဲ့အင်္ဂလန်စံချိန်ကို ချိုးလုနီး

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ မက်ဆီ ဂိုးသွင်းတာကို မြင်ခဲ့ရပြီးနောက်မှာ ဟာလန်းနဲ့ အမ်ဘတ်ပေးတို့လည်း သူ့တိုင်းအတာနဲ့သူ ဂိုးသွင်းထားကြသူတွေ ဖြစ်လာပါတယ်။ ကိန်းကလည်း ခရိုအေးရှားနဲ့ ကစားတဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ အင်္ဂလန်က ၄ ဂိုး ၂ ဂိုးနဲ့နိုင်တဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး သူ့စွမ်းဆောင်ရည်ကို ဘောလုံးလောကကို ပြသထားပါတယ်။
အုပ်စု အယ်လ်ပွဲစဉ်မှာ အင်္ဂလန်ကို အုပ်စုအဆင့်ထိပ်ရောက်အောင် ၂ ဂိုးသွင်းခဲ့တဲ့ကိန်းဟာ ကမ္ဘာ့ဖလားမှာ ၁၀ ဂိုးသွင်းပြီး အင်္ဂလန်အတွက် ဂိုးသွင်းအများဆုံးကစားသမားဖြစ် ရပ်တည်ခဲ့တဲ့ ဂယ်ရီ လီနီကာရဲ့စံချိန်ကို မှီလာပါတယ်။
အင်္ဂါနေ့ညမှာ ဂါနာအသင်းနဲ့ကစားဖို့ရှိနေတာကြောင့် ကိန်းဟာ လီနီကာရဲ့စံချိန်ကို ကျော်သွားဖို့ရာဖြစ်နိုင်ပါတယ်။
ဒါအပြင် ခရိုအေးရှားနဲ့ ကစားခဲ့တဲ့ပွဲဟာ ကိန်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ်စလုံးမှာ အင်္ဂလန်အတွက် ဆက်တိုက်ဂိုးသွင်းပေးခဲ့တဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာပါတယ်။ သူ့မတိုင်ခင်တုန်းကတော့ ဆာဒေးဗစ် ဘက်ခမ်းက ၁၉၉၈၊ ၂၀၀၂ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားတွေမှာ ၃ ကြိမ်ဆက်တိုက် အင်္ဂလန်အတွက် ဂိုးသွင်းပေးခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်ပါတယ်။
ပြီးတော့ ခရိုအေးရှားနဲ့ပွဲဟာ ကိန်းအတွက်ဆိုရင် အင်္ဂလန်အသင်းအတွက် ၁၁၅ ပွဲမြောက်ကစားတဲ့ပွဲဖြစ်လို့ ဒေးဗစ် ဘက်ခမ်း ထက်ကျော်ပြီး အင်္ဂလန်အတွက် ပွဲအများဆုံး ကစားသမားလည်းဖြစ်လာပါတယ်။
ရွှေဖိနပ်ဆုရှင်တစ်ဦးထက်မနည်း ပထမဆုံးထွက်ပေါ်မယ့်ကမ္ဘာ့ဖလားလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမ်ဘက်ပေးအကြောင်းပြောရင်တော့ သူဟာ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုကို နောက်တစ်ကြိမ်ဆွတ်ခူးမယ့်သူလား ဒါမှမဟုတ် အင်္ဂလန်က ဟယ်ရီ ကိန်းပဲ ဖြစ်လာမှာလားဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။
အမ်ဘတ်ပေးဟာ ၂၀၂၂ ခုနှစ်၊ ကာတာ ကမ္ဘာ့ဖလားမှာ ၈ ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဂိုးအများဆုံးသွင်းတဲ့ကစားသမားဖြစ်ဖို့ အတော်လေး ယှဉ်ပြိုင်ခဲ့ရတာပါ။
ကိန်းဟာလည်း တစ်ဖက်မှာ သူ့ အတွက်ဆိုရင် ဂိုးအများဆုံးသွင်းထားတဲ့စံချိန်ရှိနေပါတယ်။ အဲဒါကတော့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ၆ ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပါတယ်။
မက်ဆီ၊ ဂျာမနီက ဒန်နီ အက်ဒက်ဖ်နဲ့ ကနေဒါက ဂျွန်နသန် ဒေးဗစ်တို့ဟာ ၃ ဂိုးစီနဲ့ရှေ့ကနေ ဦးဆောင်နေပြီး ဟာလန်းနဲ့ အမ်ဘတ်ပေးတို့ကတော့ ၂ ဂိုးစီ အလျော့၊ ကိန်းက ၁ ဂိုးအလျော့နဲ့ နောက်ကနေ လိုက်နေပါတယ်။
ဒါပေမဲ့ ဒီစံချိန် အမှီလိုက်ဖို့ဆိုရင် အကြာကြီး ကြာမြင့်ဦးမှာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားမှာ အများဆုံး ဂိုးသွင်းထားသူများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နော်နယ်ဒိုတစ်ယောက် တစ်ပွဲပွဲမှာတော့ ဂိုးသွင်းဖို့ရှိနေနိုင်ပါတယ်။
ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ပေါ်တူဂီအသင်းက ဒီအာရ်ကွန်ဂိုအသင်းနဲ့ကစားခဲ့တုန်းက ၁ ဂိုးသရေ ကျခဲ့တာကြောင့် သူ့အတွက် ပုံမှန်စံချိန်ထက် လျော့ခဲ့တဲ့ကစားပွဲလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဝါရင့်ကစားသမားမို့ စံချိန်တင်ဖို့က အနီးနားမှာတင် ရှိနေမယ်လို့ မှတ်ယူနိုင်ပါတယ်။
၂၀၂၂ ခုနှစ်မှာတော့ ရော်နယ်ဒိုဟာ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလား ၅ ကြိမ်မှာ ဂိုးအများဆုံးသွင်းတဲ့ကစားသမား စံချိန်ချိုးခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမဲ့ မက်ဆီဟာ ဒါကို အမီလိုက်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ရော်နယ်ဒို ဂိုးတွေ သွင်းဦးမယ်ဆိုရင်တော့ သူဟာ ကမ္ဘာ့ဖလား ၆ ကြိမ်မှာ ဂိုးအများဆုံးသွင်းတဲ့ကစားသမား ဖြစ်လာမှာပါ။
ဂိုးသမားမဟုတ်တဲ့ကွင်းထဲက အသက်အကြီးဆုံးကစားသမား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ အခုတစ်ကြိမ်ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဒါဟာလည်း ရော်နယ်ဒို အတွက် စံချိန်ကျသွားတာလို့ ဆိုနိုင်ပါတယ်။
ကမ္ဘာ့ဖလားအဖွင့်ပွဲအတွက် ဟူစတန်မြို့မှာ ဘောလုံးကွင်းထဲ ရောက်ခဲ့တဲ့ ရော်နယ်ဒိုဟာ မက်ဆီပြီးရင် ကမ္ဘာ့ဖလား ၆ ကြိမ်မြောက်ကန်တဲ့ ကစားသမားဖြစ်လာပါတယ်။
ဒါကြောင့်ပဲ ရော်နယ်ဒိုဟာ အခုတစ်ခေါက် ကမ္ဘာ့ဖလားမှာ ဂိုးသမားမဟုတ်တဲ့ ဘောလုံးကစားသမားတွေထဲ အသက်အသက်ကြီးဆုံးဖြစ်လာပါတယ်။ အခုတစ်ခေါက် ကမ္ဘာ့ဖလားဖွင့်ပွဲကို ကန်ချိန်မှာ သူ့အသက် ၄၁ နှစ်နဲ့ ၁၃၂ ရက် ရှိပါပြီ။
အသက်အကြီးဆုံးကစားသမား စံချိန်ကို အရင်က ချိုးထားသူက ကနေဒါကစားသမား အတီဘာ ဟတ်ချီဆန်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ခရိုအေးရှားသင်းနဲ့ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ သူ ကန်တော့ သူ့အသက် ၃၉ နှစ်နဲ့ ၂၉၆ ရက် ရှိနေပါပြီ။
ဟာလန်းဟာ ကမ္ဘာ့ဖလားမှာ နော်ဝေအတွက် ဦးဆောင်မယ့်သူ ဖြစ်လာမလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
စံချိန်တွေချိုးဖို့ နီးလာချိန်မှာ ဟာလန်းဟာလည်း အဲဒီစံချိန်နားမှာ ကပ်နေပါတယ်။
နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ အီရတ်ကို ၄ ဂိုး ၁ ဂိုးနဲ့နိုင်တဲ့ပွဲမှာ ဘောလုံးကို ထိတာ အကြိမ် ၂၀ ပဲရှိပေမဲ့ ၂ ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာတင် ၂ ဂိုးသွင်းတာ၊ နောက် တနင်္လာနေ့နှောင်းပိုင်းမှာ ဆီနီဂေါနဲ့ကစားခဲ့တဲ့ပွဲမှာ ၂ ဂိုးထပ်သွင်းခဲ့လို့ ကမ္ဘာ့ဖလားမှာ နော်ဝေ ကစားသမား Kjetil Rekdal သွင်းထားတဲ့ ဂိုးတွေထက် ပိုများသွားပြီဖြစ်ပါတယ်။
ကမ္ဘာ့ဖလားသမိုင်းမှာ နာမည်ကြီးတဲ့အသက်အကြီးဆုံးကစားသမားတွေထဲက ဗိုဇင်ညာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိပ်ဗာဒီအသင်း ဂိုးသမား ဗိုဇင်ညာဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ကျွန်းနိုင်ငံလေးလိုအသင်းက စပိန်လိုအသင်းကြီးကို ဂိုးမရှိ သရေနဲ့ကစားနိုင်ခဲ့တဲ့အခါ ကမ္ဘာ့ဖလားပွဲမှာ လူတွေ စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
ကိပ် ဗာဒီအသင်းဟာ ဥရောပချန်ပီယံ စပိန်ကို ဂိုးမပေးရအောင် အကြိမ်ကြိမ် ခုခံကာကွယ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ဒီလို ဘောလုံးတွေကို ကာကွယ်ခဲ့တာဟာလည်း သူ့အတွက် စံချိန်ချိုးနေပါတယ်။
အသက် ၄၀ နဲ့ ၁၂ ရက်မှာ ကမ္ဘာ့ဖလားကို သူ့နိုင်ငံအသင်းလိုပဲ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်လို့ ချူရာဆောင်းအသင်းက ဂိုးသမား အီလွိုင် ရွန်း ခုခံကာကွယ်ခဲ့တဲ့နှုန်းထက် ပိုများတဲ့နှုန်းနဲ့ တစ်ဖက်အသင်းကို ဂိုးမပေးရအောင် ကာကွယ်ခဲ့တာပါ။
ဗိုဇင်ညာဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ပြိုင်ပွဲအစ ဂိုးမပေးရအောင် ခုခံကာကွယ်ခဲ့တဲ့အသက်ကြီးဆုံး ဂိုးသမားစံချိန်ကိုလည်း ချိုးလိုက်ပါတယ်။
ကမ္ဘာ့ဖလားဝင်အသင်းကို နိုင်အောင်စီမံတဲ့မန်နေဂျာ စံချိန် ချိုးတော့မယ့်ပြင်သစ်နည်းပြ Deschamps

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်သစ်အသင်းနည်းပြ Didier Deschamps ဟာလည်း နိုင်ပွဲ ၁၆ ပွဲကြောင့် အရင်က အနောက်ဂျာမနီနည်းပြ Helmut Schon ချိုးထားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အနိုင်ရရှိမှုအများဆုံး နည်းပြတစ်ယောက်ဖြစ်လာပါပြီ။
တကယ်လို့ ပြင်သစ်ဟာ အုပ်စုအဆင့် နောက်ဆုံးပွဲမှာ နော်ဝေနဲ့တွေ့ဆုံကစားတဲ့အခါ အခွင့်အလမ်းကောင်းခဲ့တယ်ဆိုရင်တော့ ပြင်သစ်နည်းပြအတွက် ကစားပွဲ ၁၇ ပွဲနိုင်တဲ့နည်းပြစံချိန် ချိုးသွားမှာဖြစ်ပါတယ်။
ဒီလိုစံချိန်ချိုးတဲ့နည်းပြတစ်ယောက်အနေနဲ့ အားကစားလောကကနေ အနားယူသွားရတာမျိုးကလည်း သဘောကျစရာပါ။
ကစားသမားတွေ အနီကတ်အပြအခံဆုံး ကမ္ဘာ့ဖလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့ဖလားမှာ ကစားသမားတွေ အနီကတ်အများဆုံးအပြခံရတဲ့ပြိုင်ပွဲက ၂၀၀၆ ကမ္ဘာ့ဖလားပါ။ အနီကတ်ပြတဲ့အကြိမ် ၂၈ ကြိမ်အထိရှိခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားမှာတော့ ကစားသမားတွေ အနီကတ်အပြခံရတာ အခုဆို ၆ ကြိမ်တောင်ရှိသွားပါပြီ။
တောင်အာဖရိကနဲ့ မက္ကဆီကိုတို့ ကမ္ဘာ့ဖလား အဖွင့်ပွဲကစားချိန်မှာ ဒိုင်က အနီကတ် ၃ ကတ်ပြခဲ့ရပါတယ်။ အဲဒီနောက်မှာ ကာတာက ကစားသမား ၂ ဦးနဲ့ ဘော့စ်နီးယားအသင်းက ၁ ဦးတို့လည်း အနီကတ်ပြခံရပါတယ်။
ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၂ ခေါက်မှာ ဒိုင်သုံးခဲ့ရတဲ့အနီကတ်အရေအတွက်ကိုတောင် ကျော်ပါတယ်။ အဲဒီတုန်းက ကာတာနဲ့ ရုရှား ကမ္ဘာ့ဖလားတို့မှာ အနီကတ် ၄ ကြိမ်စီပဲ သုံးခဲ့ရတာရှိခဲ့တာပါ။
အခုတစ်ခေါက်က အနီကတ် ပြတာများတဲ့ကမ္ဘာ့ဖလားဖြစ်လာပေမဲ့ စံချိန်ချိုးတဲ့အထိတော့ မရောက်သေးပါဘူး။ ဒါပေမဲ့ ပြိုင်ပွဲ ပွဲစဉ်တွေ ဆက်ကျန်နေသေးတာကြောင့် ရှေ့ပွဲတွေမှာ ကစားသမားတွေ အနီကတ်ပြခံရတဲ့အကြိမ်ကတော့ ရှိနေနိုင်ပါသေးတယ်။








