မြစ်ဆုံစီမံကိန်း ဘာကြောင့် ပြန်စချင်သလဲ
မြစ်ဆုံစီမံကိန်း ဘာကြောင့် ပြန်စချင်သလဲ
ရေးသားခဲ့သည်။
ဇွန်လ ၃၀ ရက် မနေ့က နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲအတွင်း မြစ်ဆုံစီမံကိန်းဟာ အကျိုးကျေးဇူးတွေရှိတာမို့ လုပ်ဆောင်သွားမယ့်အကြောင်း နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမဲ့ ဆိုးကျိုး အနည်းငယ် ရှိတယ် ဆိုတာကိုတော့ ဝန်ခံသွားပါတယ်။ ဘယ်လိုဆိုးကျိုးတွေလဲ ဆိုတာကိုတော့ ထည့်သွင်းပြောဆိုသွားတာမတွေ့ရပါဘူး။ ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်တာပါလဲ၊ မြစ်ဆုံစီမံကိန်းကို လက်ရှိအာဏာယူထားတဲ့ အစိုးရက ဘာကြောင့် လုပ်ဆောင်ချင်နေကြတာပါလဲ။ ဒီအကြောင်း မစန္ဒာဝင်းက ပြောပြပေးမှာပါ။



