TNLA လက်အောက်က CDM ကျောင်းဆရာတချို့ အလုပ်ထွက်ဖို့ ပြင်

ဗီဒီယို ပုံစာ, TNLA လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ CDM ကျောင်းဆရာတချို့ဟာ အလုပ်ကနေ နုတ်ထွက်ဖို့ ပြင်
TNLA လက်အောက်က CDM ကျောင်းဆရာတချို့ အလုပ်ထွက်ဖို့ ပြင်
ရေးသားခဲ့သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးမကြာခင်မှာပဲ TNLA လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ CDM ကျောင်းဆရာတချို့ဟာ အလုပ်ကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေကြတယ်လို့ သတင်းတွေထွက်လာနေပါတယ်။ TNLA နဲ့ စစ်တပ်တို့အကြား နိုင်ငံရေးညှိနှိုင်းမှု အဆင်ပြေသွားခဲ့ရင် CDM ဝန်ထမ်းတွေ အတွက် စစ်တပ်လက်အောက်မှာ ဆက်နေထိုင်ဖို့ အခက်အခဲတွေနဲ့ ကြုံရလာနိုင်တာကြောင့်လို့ ပြောကြပါတယ်။ ဒီအပေါ် TNLA ဘက်က သူတို့ရဲ့ လုံခြုံရေးအတွက် အလေးပေးစဉ်းစားသင့်တယ်လို့ ပြောဆိုကြပါတယ်။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြပေးပါမယ်။