တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်မလား
တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်မလား
ရေးသားခဲ့သည်။
တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ၁၀၂၇ စစ်ဆင်ရေးအပြီးကတည်းက နယ်စပ်ဂိတ်တွေ ရပ်နားထားရတာကြောင့် ဒေသခံတွေဟာ နယ်စပ်ကုန်သွယ်ရေးအတွက် တစ်နိုင်တပိုင်သယ်ဆောင်ပြီး စားဝတ်နေရေးဖြေရှင်းနေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်တပ်ကတော့ တရုတ်နဲ့ညှိနှိုင်းပြီးရင် နယ်စပ်ဂိတ်တွေကို နေရာပြောင်းဖွင့်လှစ်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိ တရုတ်နယ်စပ်ဂိတ်က ကုန်ပစ္စည်းအဝင်တွေကို ဘယ်လိုသယ်နေကြရပါသလဲ၊ တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်နိုင်ဖို့ရော ဘယ်လို အခြေအနေရှိပါသလဲ။ အဲဒီဘက်က အခြေအနေတွေအကြောင်း မရွှေပိုးနီက ပြောပြပေးမှာပါ။



