ပြည်ပကုန်ကြမ်း ပေးမသွင်းမှုနဲ့ မြန်မာ့ စီးပွားရေး အပေါ်သက်ရောက်မှု

ဗီဒီယို ပုံစာ, ပြည်ပကုန်ကြမ်း ပေးမသွင်းမှုနဲ့ မြန်မာ့ စီးပွားရေး အပေါ်သက်ရောက်မှု
ပြည်ပကုန်ကြမ်း ပေးမသွင်းမှုနဲ့ မြန်မာ့ စီးပွားရေး အပေါ်သက်ရောက်မှု
ရေးသားခဲ့သည်။

အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း MSME တွေဖွံ့ဖြိုးတိုးတက်ရေးကိုပဲ အဓိကထား လုပ်ဆောင်ဖို့ အသွင်ပြောင်းသမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်ကကျင်းပတဲ့ ကမ္ဘာ့ MSME အထိမ်းအမှတ်နေ့မှာ ဒေသထွက်ကုန်ကြမ်း အခြေပြု ပြည်တွင်း ကုန်ထုတ်လုပ်ငန်းတွေနဲ့ ပြည်တွင်း စီးပွားရေးကိုမောင်းနှင်ဖို့ပါ ပြောခဲ့တာပါ။ ပြည်ပသွင်းကုန် ကုန်ကြမ်းတွေကိုခွင့်မပြုဘဲ ပြည်တွင်းကုန်ကြမ်းနဲ့ ထုတ်ကုန်တွေတိုးထုတ်ဖို့ ပြောနေတာက ပြည်တွင်းမှာ အရည်အသွေးရှိတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်တဲ့ အခြေအနေ ရှိနေလို့လား။ အဲဒါက မြန်မာ့စီးပွားရေးကိုအကျိုးရှိစေမှာလား၊ ပြည်တွင်းက စားသုံးသူတွေအတွက် ဘယ်လိုသက်ရောက်မှုရှိလာမလဲ။ အပြည့်အစုံကို ကိုဟိန်းကိုစိုးက ပြောပြပေးမှာပါ။