BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တိုက်ရိုက်ထုတ်လွှင့်မှု, နေပြည်တော်မှာ ငှားကားစီးပြီးနောက် အငှားယာဉ်မောင်းကို သတ်ခဲ့သူကို ဖမ်းမိ
နေပြည်တော်မှာ ငှားကားစီးပြီးနောက် အငှားယာဉ်မောင်းကို သတ်ခဲ့သူကို ဖမ်းမိ တဲ့ သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဗန်းမော်စစ်မျက်နှာပြင်ကို သင်္ဘောအစင်းရေ ၃၀ ကျော်နဲ့ထောက်ပို့ဖို့ စစ်တပ်ပြင်
ဗန်းမော်စစ်မျက်နှာအတွက် အားဖြည့်မယ့် စစ်တပ်ရဲ့ သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းထဲမှာ တိုက်ခိုက်ခံရပြီး ရက်ပိုင်းအကြာမှာပဲ သင်္ဘောစင်းရေ ၃၀ ကျော်ပါတဲ့ စစ်တပ်ရဲ့ နောက်ထပ်သင်္ဘောအုပ်စု မြစ်ကြောင်းအတိုင်း ထပ်ပြီးဆန်တက်လာပါတယ်။
ထရမ့်ရဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ မော်စကိုကိုသွားပြီးနောက် ကိယက်ဗ်ရောက်
စတိဗ် ဝစ်ကော့ဖ်နဲ့ ဂျဲရက်ဒ် ကွတ်ရှ်နာတို့ဟာ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကြိုးပမ်းမှုတွေကို ဦးဆောင်ခဲ့ကြပေမဲ့ ဆွေးနွေးပွဲတွေကတော့ ရပ်တန့်နေပါတယ်။
စက်တင်ဘာ ၆ ရက်သတင်းများအနှစ်ချုပ် - သားပေါ်တာဆွဲခံရကြောင်း တစ်တော့ပေါ် ရင်ဖွင့်တဲ့မိခင် အဖမ်းခံရ
ဦးမင်းအောင်လှိုင်ရဲ့ နေပြည်တော် ခရီးစဉ်အပေါ် အရပ်ဘက်အဖွဲ့အစည်းတချို့ကန့်ကွက်နေချိန်မှာပဲ နှစ်ဖက်ပိုပြီးပူးပေါင်းဖို့ခြေလှမ်းလာတဲ့သတင်းအပါအဝင် စက်တင်ဘာ ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတလွှားကသတင်းတွေကိုစုစည်းတင်ဆက်ပေးနေပါတယ်။
ဥရောပတလွှားအဖျက်အမှောင့်လုပ်ရပ်တွေမှာ ရုရှားကို အဓိက သံသယ၀င်
ဂျာမနီကတော့ လိုက်ဇစ်လေဆိပ် တိုက်ခိုက်ခံရမှုဟာ ရုရှားလက်ချက်လို့ အပြစ်ဖို့ပါတယ်။ ဒါပေမဲ့ ဥရောပက တခြားနေရာတွေမှာလည်း မသင်္ကာစရာဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်နေပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ရုရှား-မြန်မာ-ဘယ်လာရုစ် လက်နက်ဆက်ဆံရေးကို ကျော်လွန်လာပြီလား
ဦးမင်းအောင်လှိုင်ရဲ့ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဥ်ကို လေ့လာကြည့်ရင် သူ့ဘက်ကိုယ့်ဘက် အပြိုင်အဆိုင် ရောင်းချနေကြတာကို တွေ့ရပါတယ်။ လက်နက်၊ နျူကလီးယားစွမ်းအင်ကစလို့ သဘာဝဓာတ်ငွေ့အလယ် သနပ်ခါးနဲ့ တီးမစ်အဆုံး ရောင်းကုန်စာရင်းထဲပါပါတယ်။
ဦးသော်ကောင်း - ၃၂ နှစ်နဲ့ ဗဟိုစာကြည့်တိုက်မှူးဖြစ်ခဲ့သူ ဖူကူအိုကာဆုရှင်
"သူ့လို မြန်မာမှုပညာရပ်များ၊ မြန်မာပြည်အကြောင်းရပ်များကို ပြည့်စုံစွာ ဖတ်ရှုတတ်ကျွမ်း သိနားလည်ပြီး အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် လူရိုသေ၊ ရှင်ရိုသေရေးနိုင်သူ မြန်မာပြည်တွင် သိပ်မရှိတော့ပါ" ဆိုပြီး မှတ်တမ်းတင် ဂုဏ်ပြုခံရသူ
မြန်မာစစ်တပ် ထိုင်းကိုတောင်းဆိုတဲ့ လက်နက်လမ်းကြောင်း ဖြတ်တောက်ရေး ဖြစ်တန်ခြေ
တရုတ်အကူအညီနဲ့ ရှမ်းမြောက်စစ်မျက်နှာပြင်ကို တခန်းရပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြတ်တောက်ရေးတွေ ပိုဖိလုပ်လာတဲ့ စစ်တပ်က ထိုင်းအကူအညီနဲ့ တောင်ပိုင်းကိုပါ ဖိအားပေးလိုဟန် ရှိတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ဦးအေး မဖြစ်ခဲ့တဲ့ ဦးစိုးဝင်း
လွန်ခဲ့တဲ့ ၃ လကျော် အတွင်း အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ဦးစိုးဝင်းရဲ့ ဓာတ်ပုံ နှစ်ကြိမ်သာ ထွက်လာခဲ့ဖူးပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြမခံခဲ့ရပါဘူး။
ဘုရင့်နောင် - အကျယ်ဆုံး မြန်မာ လက်နက်နိုင်ငံရှင်၊ ကမ္ဘာ့အမွေအနှစ် ခေါင်းလောင်းစာ ရေးထိုးခဲ့သူ
တပင်ရွှေထီးနဲ့ ဘုရင့်နောင်ခေတ်မှာ မွန်၊ မြန်မာ၊ ရှမ်းနဲ့ ထိုင်းယွန်း စတဲ့ လူမျိုးစုံကို စုစည်းပြီး လက်နက်နိုင်ငံကြီး ထူထောင်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း လူမျိုးစုချင်း သဟဇာတပေါင်းစည်းမှုထက် ပဒေသရာဇ် သစ္စာခံမှုအပေါ်ကို အားပြုတည်ဆောက်တဲ့ နိုင်ငံဖြစ်တာနဲ့ စစ်ဒဏ်ပိပြီး စိုက်ပျိုးကုန်သွယ်ရေးတွေမှာ အားမကောင်းတာတွေကြောင့် အင်္ဂလန်၊ ပြင်သစ် စတဲ့ ခေတ်ပြိုင် ဥရောပနိုင်ငံကြီးတွေလို အမျိုးသားနိုင်ငံအဆင့်ကို မြန်မာနဲ့ ပေါင်းသဟာယ ပြည်ထောင်များအဖြစ် မတက်လှမ်းနိုင်ဖြစ်ခဲ့ပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်



























































